ထင်းခုတ်သမား "ဝူဟွမ်းအီ" နဲ့ မိန်းမလှလေး "ဝေချူးမေ" တို့ရဲ့သားဖြစ်သူ "ဝူရှင်းလီ" ဟာ ဉာဏ်ကောင်းမွန်သူတစ်ယောက်ဖြစ်သလို သိုင်းပညာကိုလည်း စိတ်ဝင်စားသူဖြစ်တာကြောင့် သူတပါး သိုင်းကစားဟန်ကို မြင်ရုံနဲ့ အလွယ်တကူ အတုခိုးတတ်မြောက်နိုင်သူ ဖြစ်ပါတယ်။
မိခင်ဖြစ်သူ "ဝေချူးမေ" က အိမ်ထောင်ရေးဖောက်ပြန်သွားတဲ့အတွက် ဖခင်ဖြစ်သူ "ဝူဟွမ်းအီ" တစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့အခါ "ဝူရှင်းလီ" လည်း ဖခင်ဖြစ်သူ လိုဏ်ဂူတစ်ခုထဲက ကောက်ရခဲ့တဲ့ အမည်မသိ သိုင်းကျမ်းကို ထိန်းသိမ်းရင်း သိုင်းလောကထဲ ရောက်ရှိလာခဲ့ပါတယ်။
အဲဒီအချိန်မှာ သိုင်းလောကရဲ့ အနက်ရောင်ဂိုဏ်းတစ်ခုဖြစ်တဲ့ သေမင်းကုန်သည်ဂိုဏ်းချုပ် "ဟူချန်လင်း" ဟာ "မဟာသိုင်းကျောင်း" ပိုင်ရှင် လေးမည်ရ "ချင်းလော့" ကို အရှက်တကွဲရှုံးနိမ့်ပြီး လမ်းဘေးမှာ အကြောပိတ် စွန့်ပစ်ခံခဲ့ရပါတယ်။
"မဟာသိုင်းကျောင်း" ရဲ့ မောက်မာမှုကို ကြည့်မရတဲ့ "ဝူရှင်းလီ" ဟာ "ဟူချန်လင်း" တို့ကို ကူညီပေးခဲ့မိရာက "မဟာသိုင်းကျောင်း" နဲ့ "သေမင်းကုန်သည်ဂိုဏ်း" တိုရဲ့ ရန်ငြိုးရန်စထဲ ဝင်ပါလာခဲ့ရသလို သူ့ရဲ့ဖခင် ကောက်ရခဲ့တဲ့ သိုင်းကျမ်းဟာလည်း သေမင်းကုန်သည်ဂိုဏ်းချုပ် "ဟူချန်လင်း" နဲ့ လက်မရွံဓါးဂိုဏ်းချုပ် "လီဟန်" တို့ နှစ်ပေါင်းများစွာ လိုက်ရှာနေကြတဲ့ သိုင်းကျမ်းဖြစ်မှန်း သိလာရပြန်ပါတယ်။
နှစ်အနည်းငယ်အကြာမှာတော့ "မဟာသိုင်းကျောင်း"၊ "သေမင်းကုန်သည်ဂိုဏ်း" နဲ့ "လက်မရွံဓါးဂိုဏ်း" တို့ရဲ့ အာဏာလုပွဲမှာ "မဟာသိုင်းကျောင်း" က အနိုင်ရပြီး သိုင်းလောကရဲ့ ဘုံရန်သူဖြစ်လာတဲ့အခါ အားလုံးက သူရဲကောင်းတစ်ယောက်ပေါ်အလာကို စောင့်မျှော်နေကြရင်း ... ။
📚 လုံးချင်း