သိုင်းလောကရဲ့ လူဆိုးကြီး ၁၃ ယောက်အထဲက တစ်ယောက်ဖြစ်တဲ့ အဆိပ်တစ်ထောင် "ကျောက်မင်ချင်း" နဲ့ သိုင်းလောက ရဲ့ အဓိပတိ ၈ ယောက်အထဲက တစ်ယောက်ဖြစ်တဲ့ တိမ်ပြာသခင်မ "လီစုဟောင်" တိုရဲ့ အသက်လုတိုက်ပွဲမှာ လေလွင့် ကလေးငယ်လေး "လီရှန်း" က "တိမ်ပြာသခင်မ" ဘက်က ကူညီတိုက်ခိုက်ပေးခဲ့ရာက "လီရှန်း" လည်း "တိမ်ပြာသခင်မ" ရဲ့ တတိယမြောက်တပည့် ဖြစ်လာခဲ့ပါတယ်။
တိမ်ပြာသခင်မ "လီစုဟောင်" ထံမှာ "လီရှန်း"ထက်အရင် ပညာသင်ကြားနေကြတဲ့ ဆရာတူညီအစ်မ မိန်းကလေးနှစ်ဦးရှိပြီး သူတိုကတော့ "သမားတော်ခြံဝန်း" ပိုင်ရှင် "ကျန်းစုမု" ရဲ့သမီးတွေဖြစ်ကြတဲ့ "ကျန်းဝေဝေ" နဲ့ "ကျန်းရှင်းရှင်း" တိုပါပဲ။
နှစ်ပေါင်းများစွာကြာပြီးနောက် "လီရှန်း" ဟာ တိမ်ပြာသခင်မ ထံက "မိုးတိမ်မျောလွင့်ဓါးသိုင်း"၊ "လက်နက်ပုန်းပညာ" နဲ့ "ဆေးပညာ" တွေ သင်ယူခဲ့ရုံသာမက "တိမ်ပြာသခင်မ" ရဲ့ ပညာသင်ဘက် မောင်ဖြစ်သူ အဖြူရောင်စောရ "ကျိုးဟောင်" ထံက "တိမ်အရိပ်ကိုယ်ဖော့ပညာ"၊ "ခုနစ်စဥ်ကြယ်ခြေလှမ်းကွက်" နဲ့ "တိမ်နက်အသူရာလက်ညှိးသိုင်း" တိုကိုသင်ယူတတ်မြောက်ခဲ့ပါတယ်။
အရွယ်ရောက်လာချိန်မှာတော့ ဆရာနှစ်ဦးရဲ့ သဘောတူညီမှု၊ "သမားတော်ခြံဝန်း" ပိုင်ရှင် "ကျန်းစုမု" ရဲ့ခွင့်ပြုမှု၊ လူငယ်ချင်း သံယောဇဥ်ငြိတွယ်မှုတွေအရ "လီရှန်း" နဲ့ "ကျန်းဝေဝေ"၊ "ကျန်းရှင်းရှင်း" ညီအစ်မကို စေ့စပ်ကြောင်းလမ်းပေးခဲ့ကြပြီး "လီရှန်း" တစ်ယောက် သိုင်းလောကကို စတင်ခြေချလာခဲ့ပါတယ်။
သိုင်းလောက ကို ဝင်ဝင်ချင်းမှာပဲ ဓါးပြတိုက်ခံနေရတဲ့ "ကျားနှစ်ကောင်" အာမခံဌာနကို ဝင်ရောက်ကူညီပေးခဲ့ရာက နာမည်ကောင်း၊ မိတ်ဆွေကောင်းတွေရခဲ့သလို "ထန်စံအိမ်" သခင် "ထန်ချင်းစန်း" ရဲ့ သမီး မီးခဲမလေး "ထန်ရှောင်ရှင်း"၊ သူဌေးကြီး "ရှန်းဝေ" ရဲ့သမီး ကျောက်စိမ်းအရိပ် "ရှန်းမိန်" တိုလို မိန်းမလှလေးတွေရဲ့ ချစ်ကြိုက်မှုကိုလည်း ခံခဲ့ရပါတယ်။
ဒါ့အပြင် မြေအောက်ဓါးဂိုဏ်းချုပ် "ရှန်းတု" ရဲ့သမီး သခင်မလေး "ရှန်းယွန်"၊ မရဏဂိုဏ်းချုပ် "စုဖုံး" ရဲ့ သမီး မရဏသမီးပျို "စုကျင်းဝေ" စတဲ့ မိန်းမလှလေးတွေနဲ့ ချစ်ကြိုးသွယ်ရင်း "လီရှန်း" ဟာ ပညာရော၊ ကြင်ယာပါ စုံလင်လာခဲ့ပါတယ်။
အချိန်အတော်ကြာ ငြိမ်သက်နေခဲ့တဲ့ သိုင်းလောကမှာတော့ "နှင်းငွေ့မိစ္ဆာသခင်" ရဲ့ ဓါးသိုင်းကို လေ့ကျင့်အောင်မြင်ထားသူ ငရဲတမန်ဓါးသမား "ဖိန်ရှင်းလိန်" ဦးဆောင်တဲ့ "အဆိပ်ငရဲဂိုဏ်း" ဟာ အနက်ရောင်သိုင်းလောကသားတွေကို စုစည်းပြီး "ဟွာရှန်းတောင်ထိပ်" မှာ ဂိုဏ်းကြီး ၄ ဂိုဏ်းကို စိန်ခေါ်ခဲ့တာကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်က ခရမ်းရောင်သွေးလဂိုဏ်းချုပ် "နှင်းငွေ့မိစ္ဆာသခင်" ဟာ သိုင်းလောကကို သိမ်းပိုက်ဖို ကြိုးစားခဲ့ပြီး "ကျုံဟွာတောင်ထိပ်" တိုက်ပွဲမှာ ပထမဓါးသခင် "ထင်းရှီ" ကို မယှဥ်နိုင်ဘဲ ရှုးနိမ့်ခဲ့ပေမယ့် နောက်ပိုင်းမျိုးဆက်တွေမှာတော့ သူ့ရဲ့အတွင်းအားနဲ့ သိုင်းပညာကို ယှဥ်နိုင်သူ ပေါ်ပေါက်မလာခဲ့ပါဘူး။
ဒါကြောင့် "နှင်းငွေ့မိစ္ဆာသခင်" ရဲ့သိုင်းပညာကို အမွေဆက်ခံသူလို သတ်မှတ်ထားကြတဲ့ ငရဲတမန်ဓါးသမား "ဖိန်ရှင်းလိန်" ကို ယှဥ်နိုင်သူမရှိ ဖြစ်နေရပြီး "ဟွာရှန်းတောင်ထိပ်" တိုက်ပွဲမှာ "ခွန်လွန်ဂိုဏ်းချုပ်"၊ "တေလေဂိုဏ်းချုပ်" နဲ့ "ဝူတန်ဂိုဏ်းချုပ်" တို ရှုးနိမ့်သွားကြတဲ့အခါ ... ။
📚 လုံးချင်း