"ကျုံဟွာတောင်" တိုက်ပွဲအပြီးမှာ အဖြူရောင်ဂိုဏ်းတွေက "သိုင်းမဟာမိတ်အဖွဲ" ကို ထူထောင်ခဲ့သလို အနက်ရောင်ဂိုဏ်းတွေကလည်း "မိစ္ဆာဝိဉာဥ်" အဖွဲ့ကို ထူထောင်ခဲ့ကြပြီး သိုင်းလောကဟာ အခိုက်အတန့်အားဖြင့် အေးချမ်းနေခဲ့ပါတယ်။
သိုင်းထိပ်သီးဆယ်ယောက်မှာ အပါအဝင်ဖြစ်သူ ထိုက်ကျိဓါး "စန်းဟုန်းလျန်" ဟာ "စန်နုန်ကျ" တိုက်ပွဲမှာ "နှင်းငွေ့မိစ္ဆာသခင်" ရဲ့ တပည့် ငရဲဓါး "ဝမ်းတု" ကြောင့် လက်တစ်ဖက် ပြတ်သွားခဲ့ပြီး "စူးဟိုင်မြို" မှာ ၁၀ နှစ်ကျော်ကြာ ဇာတ်မြှုပ်နေခဲ့ပါတယ်။
"စူးဟိုင်" မြိုသား၊ မွေးရာပါ သွေးကြောအားနည်းရောဂါရှင်လေး "တုန်းဖန်းရှောင်ယောင်" ကတော့ အဖမဲ့သားအဖြစ် ကြီးပြင်းလာရသလို မိခင်ဖြစ်သူကလည်း သူငယ်စဥ်မှာပဲ ကွယ်လွန်သွားခဲ့တာကြောင့် တေလေဂိုဏ်းချုပ်ကြီး "စုတိကျုံး" နဲ့ ထိုက်ကျိဓါး "စန်းဟုန်းလျန်" တို့သာ သူ့ဘဝရဲ့ အရင်းနှီးဆုံး ပုဂ္ဂိုလ်တွေ ဖြစ်လာရပါတယ်။
"နဂါးစိမ်းဂိုဏ်း" ရဲ့ မျိုးဆက်ဖြစ်သူ "ရှောင်ယောင်" ကို "စန်းဟုန်းလျန်" က "ရှောင်လင်ကျောင်း" ကို ပို့ဆောင်ပေးခဲ့ပြီး သိုင်းပညာသင်ယူစေခဲ့သလို ဆေးတစ်စက်သမားတော် "ဟွမ်" ရဲ့ "လုံဇီဆေးမြစ်" အစွမ်း၊ သိုင်းဝိဇ္ဇာကြီးတွေရဲ့ သွေးကြောဖွင့်ကုသပေးမှုတိုကြောင့် "ရှောင်ယောင်" ဟာ အချိန်တိုအတွင်းမှာပဲ အဆင့်မြင့်သိုင်းသမားအဖြစ် တဖြည်းဖြည်း အရွယ်ရောက်လာခဲ့ပါတယ်။
ဗုဒ္ဓလက်ဝါးကိုယ်တော် "ရွှမ်းမင်" ရဲ့ သင်ကြားပြသမှုအောက်မှာ "ရှောင်ယောင်" ဟာ "ရွှေဝတ်ရုံလွှာ" ကျင့်စဥ်၊ "သံမဏိလက်သီး" သိုင်းပညာ စတဲ့ ရှောင်လင်ကျောင်းရဲ့ ထိပ်တန်းပညာရပ်တွေကို သင်ယူဆည်းပူးခဲ့သလို ပညာသင်ဘက် "ကြွယ်ယန်"၊ "ကြွယ်စင်း" တို့နဲ့လည်း သွေးသောက်ညီအစ်ကိုဖွဲ့ခဲ့ပါတယ်။
တကယ်တော့ သိုင်းလောကဟာ အေးချမ်းတည်ငြိမ်သယောင် ထင်မှတ်ရပေမယ့်လည်း တချိန်က "နှင်းငွေ့မိစ္ဆာသခင်" ရဲ့ "ခရမ်းရောင်သွေးလဂိုဏ်း" လက်အောက်မှာ ရှိခဲ့ဖူးတဲ့ "ဘုရင်ငါးပါး"၊ "အာဏာရှင်နှစ်ယောက်"၊ "မီးလျှံနတ်သမီးအဖွဲ"၊ "အရိပ်တပ်ဖွဲ" စတဲ့ အနက်ရောင် အင်အားစု အကြွင်းအကျန်တွေက အဖြူရောင်သိုင်းလောကကို လက်စားချေဖို့ တိတ်တဆိတ် လှုပ်ရှားနေခဲ့ပါတယ်။
ဒီအချိန်မှာ ပညာစုံ၊ အရွယ်ရောက်လာတဲ့ "ရှောင်ယောင်" တစ်ယောက် "ရှောင်လင်ကျောင်းတော်" ကနေ မကြာခင်မှာ ပေါက်ကွဲဖို့တာစူနေတဲ့ သိုင်းလောကထဲ စတင်ခြေချလာတဲ့အခါ ... ။
📚 ၇ အုပ်တွဲ