အပေအတေသိုင်းသမား "လုရန်ဖုန်း" ဟာ ထင်ရာစိုင်းသူဖြစ်တာကြောင့် အဖြူရောင်မကျ၊ အနက်ရောင်မကျ သိုင်းလောကသားတစ်ယောက်အဖြစ် အများက သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
"လုရန်ဖုန်း" ဟာ မြောက်ပိုင်းသိုင်းလောကရဲ့ နာမည်ကျော် "နတ်နဂါးဂိုဏ်း" ထံရောက်နေတဲ့ "ယိမ်းနွဲဓါး ၃၂ ချောင်း" ကို ခိုးယူထွက်ပြေးလာခဲ့တဲ့အတွက် "နတ်နဂါးဂိုဏ်း" က သိုင်းသမားတွေဟာ ပြည်ပသိုင်းလောကကို ဆင်းလာကြပါတယ်။
တစ်ရက်မှာတော့ စိတ်ကောင်းဝင်နေတဲ့ "လုရန်ဖုန်း" ဟာ ပန်းစားမိစ္ဆာ "ရှောင်ကျင်း" ရဲ့ လက်ထဲကျရောက်တော့မယ့် "နေလနန်းတော်ဂိုဏ်း" က "ကျင်းအာ"၊ "မိန်မိန်" နဲ့ "လီဆု" အမည်ရှိ မိန်းကလေးသုံးယောက်ကို ကယ်တင်ပေးခဲ့ပြီး သူတိုနေထိုင်ရာ "ကောင်းကင်တောင်တန်း" ကို လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။
လမ်းခရီးမှာ "ဟူတန်ဓါးငါးဖော်" က "နေလနန်းတော်ဂိုဏ်း" ဟာ သိုင်းလောကကို သောင်းကျန်းဖို ကြံရွယ်နေကြောင်း တင်ပြပြီး "နေလနန်းတော်ဂိုဏ်း" ကို တားဆီး ဖြိုခွဲပေးဖို့ အကူအညီတောင်းတဲ့အတွက် "လုရန်ဖုံး" လည်း မိမိ ရပ်တည်ရမယ့် ဘက်တစ်ဖက်ဖက်ကို ဝေခွဲရင်း ... ။
📚 လုံးချင်း