"ဟန်မင်းဆက်" အုပ်စိုးနေချိန် ပြည်ပ ကျူးကျော်သူတွေနဲ့ ပြည်တွင်း ပုန်ကန်သူတွေကြောင့် "ဟန်ဘုရင်" အခက်တွေ့နေချိန်မှာ "ထန်ရှန်းကျေးရွာ" က ကျန်းညီနောင်လို ခေါ်တဲ့ "ကျန်းပေ့"၊ "ကျန်းရှန်း" ညီအစ်ကိုက ဘုရင်ကို ကူညီနှိမ်နင်းပေးခဲ့ကြပါတယ်။
အဲဒီနောက် အစ်ကိုဖြစ်သူ "ကျန်းပေ့" က သိုင်းလောကက အနားယူသွားခဲ့ပေမယ့် ညီဖြစ်သူ "ကျန်းရှန်း" ကတော့ "သွေးလက်ဝါးဂိုဏ်း" ကို ထူထောင်ကာ ထင်တိုင်းကြဲခဲ့ပါတယ်။
တချိန်က ပြုခဲ့ဖူးတဲ့ ကျေးဇူးကြောင့် ဟန်ဘုရင်လည်း "သွေးလက်ဝါးဂိုဏ်း" ကို မသိကျိုးကျွံ ပြုထားခဲ့ရတဲ့အတွက် "သွေးလက်ဝါးဂိုဏ်း" ဟာ အတားအဆီး မရှိဘဲ သိုင်းလောကကို ၁၀ နှစ်ကြာ အုပ်စိုးခဲ့ပါတယ်။
တစ်ရက်မှာတော့ "ယဲ့ရှောင်ချန်း" အမည်ရှိတဲ့ သိုင်းသမားလူငယ်တစ်ယောက်ဟာ ဆရာဖြစ်သူ "ကျန်းပေ့" ရဲ့ လမ်းညွှန်ချက်အရ "သွေးလက်ဝါးဂိုဏ်း" ကိုရောက်လာပြီး ဂိုဏ်းချုပ်ကြီး "ကျန်းရှန်း" ကို ဖျောင်းဖျခဲ့ပေမယ့် အကြောင်းမထူးခဲ့ပါဘူး။
ဒါကြောင့် "ကျန်းရှန်း" နဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ရာမှာတော့ "ကျန်းရှန်း" ရှုးနိမ့်သေဆုံးသွားခဲ့ပြီး သူရဲကောင်းလေး "ယဲ့ရှောင်ချန်း" ဟာလည်း သိုင်းလောကထဲက ခြေရာပျောက်သွားခဲ့ပါတယ်။
နောက်ထပ် ၃ နှစ်အကြာမှာ "ကျန်းရှန်း" ရဲ့သား "ကျန်းဝမ်" က သွေးလက်ဝါးဂိုဏ်းချုပ်အဖြစ် သိုင်းလောကကို ပြန်လည်စိုးမိုးဖို့ ကြိုးစားလာခဲ့သလို ဟန်ဘုရင်ရဲ့ သေနာပတိ "အမတ်ကြီးဟွား" ကလည်း "သွေးလက်ဝါးဂိုဏ်း" ကို နှိမ်နင်းအံတုမယ့် "ရွှဖူးသိုင်းသင်တန်းကျောင်း" ကို ထူထောင်ကာ လူသူအင်အား စုဆောင်းခဲ့ပါတယ်။
ဒီအခါမှာတော့ "အမတ်ကြီးဟွား" ရဲ့ သမီး မိန်းမလှလေး "ဟွားချင်းယွဲ"၊ ဟွားချင်းယွဲ ကို တစ်ဖက်သတ်ချစ်နေသူ ဟန်ဘုရင် ရဲ့ တတိယသားတော် "ရှောင်စန်း"၊ ဟွားချင်းယွဲ့ရဲ့ အချစ်ရေး ပြိုင်ဘက်ဖြစ်တဲ့ "စစ်သူကြီးစူ" ရဲ့သမီး "စူရှန်"၊ မိန်းမလှလေး ဟွားချင်းယွဲ့ကို လက်ထပ်ခွင့်ရခဲ့တဲ့ ရုပ်ဆိုးဆိုး ခါးကုန်းကြီး "ကျူးရှ" တို့ရဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ ... ။
📚 လုံးချင်း