"နဂါး" နဲ့ "ဇာမဏီ" တို့ဟာ အများအကျိုး ဆောင်ရွက်နေတဲ့ အဖြူရောင် သိုင်းမောင်နှံ ဖြစ်ကြပေမယ့် သေလုမျောပါး ဒဏ်ရာတွေနဲ့ ရောက်ရှိလာတဲ့ သိုင်းလောကသားတစ်ဦးကို ကယ်တင်ထားခဲ့မိရာက သိုင်းလောက တစ်ခုလုံးနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။
သူတို့ ကယ်တင်မိခဲ့သူက ရှောင်လင်ကျောင်းမှာ ချိတ်ပိတ်သိမ်းဆည်းထားတဲ့ "သေမင်းတမန်ဓါးသိုင်းကျမ်း" ကို ခိုးယူထွက်ပြေးသွားသူ ဖြစ်တာကြောင့် အဖြူရောင်သိုင်းလောကထိပ်သီးတွေဟာ သူတို့ရှိရာကို အုံနဲ့ ကျင်းနဲ့ ရောက်ရှိလာကြပြီး အဲဒီလူကို ထုတ်ပေးဖို့တောင်းဆိုရာက တိုက်ပွဲဖြစ်ခဲ့ကြတာပါ။
တကယ်တော့ "သေမင်းတမန်ဓါးသိုင်းကျမ်း" ထဲမှာ အလွန်ရက်စက်တဲ့ ဓါးကွက်တွေပါဝင်တဲ့အတွက် အသုံးမပြုဖို့ ပိတ်ပင်တားမြစ်ထားတာဖြစ်သလို "နဂါး" နဲ့ "ဇာမဏီ" တို့ကလည်း နောင်တရနေသူကို အသက်ချမ်းသာခွင့်ပေးဖို့နဲ့ သိုင်းလောကထဲ ထပ်မံ ခြေမချဖို့ တာဝန်ယူတဲ့အကြောင်း အာမခံခဲ့ပါတယ်။
ဒါပေမဲ့ တဖက်သတ်ဆန်လွန်းတဲ့ သိုင်းလောကသားတွေက လက်မခံဘဲ အပြတ်သုတ်သင်ရှင်းလင်းဖို့ ကြိုးစားကြရာက ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ ဇနီးမောင်နှံ နှစ်ဦးလုံးသေဆုံးသွားခဲ့ပေမယ့် ရင်သွေးငယ် "ကျန်းရှောင်ယွဲ" နဲ့ "သေမင်းတမန်ဓါးသိုင်းကျမ်း" ကို ခိုးယူလာခဲ့သူ သိုင်းသမားတို့ဟာ ဓါးသိုင်းကျမ်းနဲ့အတူ လွတ်မြောက်သွားခဲ့ပါတယ်။
နှစ်ပေါင်းများစွာကြာပြီးနောက် သိုင်းလောကမှာ "သေမင်းတမန်ဓါး" အမည်နဲ့ သိုင်းသမားတစ်ယောက် ပေါ်ပေါက်လာပြီး "ဓါးနက်စံအိမ်" သခင် "ဟုန်ချီကုန်း"၊ ဝူတန်ဂိုဏ်းချုပ်ဟောင်း "တန်ဝူကျစ်"၊ ခွန်လွန်ဂိုဏ်းချုပ် "လွေဆန်း"၊ ဝိဉာဉ်နတ်ဆိုး "ရှဖိန်" စတဲ့ သိုင်းထိပ်သီးကြီးတွေကို တစ်ယောက်ပြီး တစ်ယောက် လိုက်လံရှင်းလင်းပစ်ဖို့ ကြိုးစားတဲ့အခါ သိုင်းလောကတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ... ။
📚 လုံးချင်း