မေတ္တာရှင်သိုင်းသမား "ရှောင်ချင်းပင်" ရဲ့ တပည့် "ဝမ်စီထုံး" နဲ့ "လွေရှမ်းရှမ်း" တို့ ဇနီးမောင်နှံဟာ ဆရာဖြစ်သူရဲ့ "မေတ္တာသိုင်းကျမ်း" ကို အပိုင်စီးခဲ့သူ သစ္စာဖောက် ဂိုဏ်းတူအကို အဆိပ်သခင် "ကျင်းချင်ဖုန်း" ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရပြီးနောက် ကျန်ရစ်တဲ့ သား ၂ ယောက်အထဲက တစ်ယောက်ကို "ကျင်းချင်ဖုန်း" က ခေါ်ဆောင်သွားခဲ့ပြီး ကျန်တဲ့တစ်ယောက်ကိုတော့ "ဖြူမည်းညီနောင်" က ကောက်ယူမွေးစားခဲ့ပြီး "ဟောရန်" လို့ အမည်ပေးခဲ့ပါတယ်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် "ဟောရန်" တစ်ယောက် အရွယ်ရောက်လာလို့ သိုင်းလောကထဲဆင်းလာတဲ့အခါ "အတုမဲ့ဓါးပညာကျမ်း" ကြောင့် သိုင်းလောကသားတွေရဲ့ ခြေရာခံလိုက်ခြင်းကို ခံနေရတဲ့ မိန်းမလှလေး "ယဲ့ယဲ့" နဲ့ ဆုံတွေ့မိပြီး သံယောဇဥ်ဖြစ်မိကြသလို တချိန်က ပြည်မသိုင်းလောကရဲ့ ရန်သူကြီးဖြစ်ခဲ့တဲ့ သိုင်းမုဆိုး "တိဗက်လားမား" ရဲ့ တပည့် "ပေ့ကျူး" ဆီက သိုင်းပညာကို မမျှော်လင့်ဘဲ သင်ယူမိခဲ့တာကြောင့်လည်း "ဟောရန်" ဟာ ပြည်မသိုင်းလောကသားတွေရဲ့ မယုံကြည်မှုကို ခံခဲ့ရပါတယ်။
"ဟောရန်" ရဲ့ မိဘတွေကို လုပ်ကြံခဲ့တဲ့ အဆိပ်သခင် "ကျင်းချင်ဖုန်း" ဟာ အနက်ရောင် သိုင်းရာဇာ ကြယ်တံခွန်မိစ္ဆာ "တုံမင်ဝေ့ဖုန်း" ရဲ့ တပည့်ဖြစ်သူ သွေးအေးမိစ္ဆာ "ယင်တုချန်း" ကို သတ်ဖြတ်ပြီး "ယင်တုချန်း" အဖြစ် အယောင်ဆောင်နေခဲ့တာကြောင့် "ဟောရန်" တစ်ယောက် ခြေရာခံဖို့ ခက်ခဲနေစဥ်မှာ မွေးစားအဖေ "တောက်တဲ့" က ဒီလျှို့ဝှက်ချက်ကို သိသွားတဲ့အတွက် "ဟောရန်" ကို လာရောက်သတင်းပေးခဲ့ပြီး သိုင်းလောကမှာ လူဆိုးဖြစ်နေတဲ့ "သွေးစွန်းဓါး" ဟာလည်း "ကျင်းချင်ဖုန်း" ခေါ်ဆောင်သွားတဲ့ ကလေးဖြစ်နိုင်တာကြောင့် ညီအကိုတော်စပ်နိုင်ကြောင်း ပြောပြခဲ့ပါတယ်။
အဲဒီနောက် "ဟောရန်" ဟာ ပြည်မသိုင်းလောကသားတွေရဲ့ သံသယရန်ငြိုးတွေကို ဖြေရှင်းဖို့ "သုံးပွင့်ဆိုင်အဖွဲ့" ထံမှာ သွားရောက် အဖမ်းခံခဲ့ပြီး သိုင်းမုဆိုး "တိဗက်လားမား" ရဲ့ သိုင်းပညာကို သင်ကြားခဲ့ပေမယ့် ပြည်မသိုင်းလောကကို စိန်ခေါ်ရန်ပြုမယ့် "တိဗက်သိုင်းမျိုးဆက်" မဟုတ်ကြောင်း ရှင်းပြနိုင်ခဲ့တဲ့အတွက် ဂိုဏ်းကြီး ၆ ဂိုဏ်းက အကြီးအကဲတွေရဲ့ ယုံကြည်မှုကို ရရှိကာ ပြသနာငြိမ်းအေးသွားခဲ့ပါတယ်။
အဲဒီအချိန်မှာ "ယင်တုချန်း" အဖြစ် အယောင်ဆောင်ထားတဲ့ "ကျင်းချင်ဖုန်း" က ကြယ်တံခွန်မိစ္ဆာ "တုံမင်ဝေ့ဖုန်း" ကို လုပ်ကြံပြီး သိုင်းလောကကို လွှမ်းမိုးဖို့ ကြံစည်ခဲ့သလို "လက်နက်ကိုးပါးဝိဇ္ဇာ" ရဲ့ တပည့် "ပန်းကလေး" ကလည်း "တုံမင်ဝေ့ဖုန်း" ကို အသုံးချပြီး သိုင်းလောကကို လွှမ်းမိုးဖို့ ကြံစည်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ "ကျင်းချင်ဖုန်း" က အင်အားအကြီးဆုံး အနက်ရောင်သိုင်းရာဇာအဖြစ် သိုင်းလောကကို ခြိမ်းခြောက်လာတဲ့အခါ ... ။
📚 ၁၃ အုပ်တွဲ