"မြိုင်မဟာတောကြီး" အတွင်းက အေးချမ်းလှတဲ့ "သူတော်ကောင်းကျေးရွာ" လေးဟာ "သွေးနီဓါးဘုရင်" ဦးဆောင်တဲ့ အကျင့်ပျက်သိုင်းသမားတွေ ရောက်ရှိလာခဲ့ပြီးနောက်မှာတော့ မအေးချမ်းဘဲ ပူလောင်လာခဲ့ရပါတယ်။
"သွေးနီဓါးဘုရင်" ဟာ သူ့ကို ခုခံတော်လှန်သူ မရှိစေဖို့အတွက် သူတော်ကောင်းရွာသား ကလေးငယ်တွေကို ငယ်စဥ်ကတည်းက ကိုယ်အင်္ဂါချို့တဲ့အောင် ရက်ရက်စက်စက် နှိပ်ကွပ်ထားခဲ့ပါတယ်။
ဒါပေမဲ့ နဂါးနက္ခတ်နဲ့ မွေးလာသူ "ယိလုံ" ကိုတော့ "သွေးနီဓါးဘုရင်" ကို နှိမ်နင်းနိုင်မယ့် လူစွမ်းကောင်းလေးအဖြစ် ဗေဒင်ဖိုးဖိုးက ယုံကြည်ခဲ့တဲ့အတွက် ခန္ဓာကိုယ် ဖြတ်တောက်မခံရအောင် ဦးနှောက်ပျက်ဆေး တိုက်ကျွေးထားခဲ့ပါတယ်။
ဒါကြောင့် "ယိလုံ" ဟာ တောရိုင်းတိရစ္ဆာန်လေးတွေနဲ့အတူ အရူးတစ်ယောက်လို နေထိုင်ရှင်သန်ရင်း ဗေဒင်ဖိုးဖိုးရဲ့ "ဗေဒဝိဇ္ဇာ သိုင်းပညာ" ကို သင်ကြားတတ်မြောက်လာခဲ့ပါတယ်။
အရွယ်ရောက်လာချိန်မှာတော့ ဗေဒင်ဖိုးဖိုးက "ယိလုံ" ကို အဖြစ်မှန်တွေကို ဖွင့်ဟပြောပြကာ "သွေးနီဓါးဘုရင်" ကို ယှဥ်ပြိုင်နိုင်မယ့် "နဂါးစမဓါး" နဲ့ "ဝိဇ္ဇာနဂါးဓါးကျမ်း" ကို ရှာဖွေဖို့ သိုင်းလောကထဲ စေလွှတ်ခဲ့ပါတယ်။
ဒီလိုနဲ့ အရိုင်းကျေးတောသားလေး "ယိလုံ" တစ်ယောက် ရှုပ်ထွေးပွေလီလှထဲ သိုင်းလောကထဲ ယောင်လည်လည် ရောက်လာခဲ့ပြီးနောက် ... ။
📚 လုံးချင်း