ဟိမဝန္တာတောင်မှာ ခေတ္တ လာရောက်နေထိုင်ရင်း သိုင်းပညာလေ့ကျင့်နေတဲ့ ငရဲတမန်လက်ဝါး "ကျန်းယုံ" နဲ့ နတ်သူဇာ "မေဝါး" တိုရဲ့ လသားအရွယ် သားငယ်လေး "ကျန်းဝေမင်း" ဟာ စွန်တစ်ကောင်ရဲ့ ကိုက်ချီသွားရာက အစပြုလို့ ရသေ့ကြီး "ဦးပညာ" ထံ ရောက်ရှိသွားခဲ့ပါတယ်။
ရသေ့ကြီး "ဦးပညာ" က "ကျန်းဝေမင်း" ကို အသက် ၁၈ နှစ်တိုင်တိုင် ကျွေးမွေးစောင့်ရှောက်ကာ သိုင်းပညာသင်ကြားပေးခဲ့ပြီး ၁၈ နှစ်ပြည့်ချိန်မှာတော့ မိဘတွေရှိရာ တရုတ်ပြည်မ သိုင်းလောကကို ခြေချခွင့်ပြုခဲ့ပါတယ်။
"ကျန်းဝေမင်း" တစ်ယောက် ပြည်မကို ရောက်လာချိန်မှာတော့ တည်ငြိမ်နေတဲ့ သိုင်းလောကဟာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့တဲ့ "သိုင်းပဒေသာကျမ်း"၊ သိုင်းပညာရှင်များစွာ ပျောက်ဆုံးကုန်ကြတဲ့ "ငရဲတံခါး" စတဲ့ အကြောင်းအရာမျိုးစုံနဲ့ ဂယက်ထလာပြီး လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့ပါတယ်။
"ကျန်းဝေမင်း" ဟာ ချန်အန်းမြို့မှာ မိဘတွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် ငယ်စဥ်ကတည်းက လူကြီးချင်း သဘောတူထားတဲ့ "ကျင်းကျားကျေးရွာ" သခင်မလေး "ကျင်းကျားဝေ" ထံသွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဒီလိုနဲ့ "ကျင်းကျားကျေးရွာ" ကို သူရောက်ရှိတဲ့အခါ ကျင်းကျားကျေးရွာပိုင်ရှင် "ကျင်းကျားမု" လုပ်ကြံခံထားရပြီး "ကျင်းကျားဝေ" ကလည်း ဒဏ်ရာရသွားခဲ့တဲ့အတွက် "ကျန်းဝေမင်း" က ကယ်ထုတ်လာခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ တစ်စုံတစ်ယောက်ဟာ "ကျန်းဝေမင်း" အယောင်ဆောင်ကာ "ကျန်းရွှင်" အာမခံဌာနကို ဖျက်ဆီးခြင်း၊ ရှောင်လင်ကျောင်းက "သူရိယစန္ဒာ" သိုင်းကျမ်းကို ခိုးယူခြင်း ပြုလုပ်ခဲ့တာကြောင့် "ကျန်းဝေမင်း" လည်း မကြာခဏ အထင်မှား တိုက်ခိုက်ခံခဲ့ရပါတယ်။
တစ်ကြိမ်မှာတော့ "ကျန်းဝေမင်း" ဟာ ရေနဂါး "မုထင်း" နဲ့ မိုးပြာဘီလူးသုံးဖော်ရဲ့ လက်ချက်၊ ရွှေနာရီကျွန်း သခင်မလေး ရဲ့ လက်ချက်တို့ကြောင့် ကိုယ်တစ်ပိုင်းသေသွားချိန်မှာ "ငရဲတံခါး" က သိုင်းအကျော်အမော်တွေကို ထိန်းချုပ်စုစည်းပြီး သိုင်းလောကကို စိုးမိုးဖို့ လှုပ်ရှားလာတဲ့အခါ ... ။
📚 လုံးချင်း