"သိုင်းမျိုးတစ်ရာကျေးရွာ" ဟာ သိုင်းလောကသားတွေ နေထိုင်ကြတဲ့ ကျေးရွာတစ်ခုဖြစ်ပေမယ့် အချင်းချင်း အစေးမကပ်ကြဘဲ ကိုယ့်အစုနဲ့ကိုယ် သီးခြားနေထိုင်ကြပါတယ်။
လူငယ်ပေါက်စလေးတွေ ဖြစ်ကြတဲ့ "ပုဟော်"၊ "ဟုန်းယွမ်"၊ "ကွိက်ဝူ" နဲ့ "ရှောင်စင်း"၊ မိန်းကလေးပေါက်စလေးတွေဖြစ်တဲ့ "ယုပိုင်ရွယ်"၊ "ချိုးကျိ" တို့ ကလေးတစ်သိုက်ဟာ "သိုင်းမျိုးတစ်ရာကျေးရွာ" ရဲ့ မျိုးဆက်သစ်ကလေးတွေ ဖြစ်ကြပါတယ်။
လေးနှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်တဲ့ သိုင်းပြိုင်ပွဲကို ဒီနှစ်မှာတော့ "သိုင်းမျိုးတစ်ရာကျေးရွာ" မှာ ကျင်းပဖို့ သိုင်းလောကလူကြီးတွေက စီစဥ်ကြတဲ့အခါ ကျေးရွာသားတွေအားလုံး ပြိုင်ဆိုင်မှုတွေနဲ့ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာကြပါတယ်။
တကယ်တမ်း သိုင်းပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လျှို့ဝှက်လူသတ်သမားတစ်ယောက်ကို ဖော်ထုတ်ဖမ်းဆီးဖို့ ဖြစ်နေတဲ့အခါ ... ။
📚 လုံးချင်း