သိုင်းလောကရဲ့ ပြိုင်ဘက်ကင်းသိုင်းသမား "ဝေ့ကျန်းကျိန်း" ဟာ ပြည်မမှာနှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးနောက် "အစိမ်းရောင်မြိုတော်" ကို တည်ထောင်ကာ အေးအေးချမ်းချမ်း နေထိုင်ခဲ့ပေမယ့် သိုင်းပညာလာရောက်စိန်ခေါ်ကြသူတွေနဲ့ မကြာခဏ ယှဥ်ပြိုင်နေခဲ့ရပါတယ်။
ယှဥ်ပြိုင်ခဲ့ဖူးသမျှလူတွေအထဲမှာ "အစိမ်းရောင်မြိုတော်" မှာ မထင်မရှားနေထိုင်နေတဲ့ လူငယ်လေး "ကျင်းလုံ" ဟာ သိုင်းပညာအထူးချွန်ဆုံးနဲ့ စိတ်ထားအကောင်းမွန်ဆုံးဖြစ်တာကြောင့် သမီးဖြစ်သူ "ဝေ့ဝေ့" ၊ သားမက်လောင်းဖြစ်သူ "ရဲ့ပင်း" တိုနဲ့တန်းတူ "ကျင်းလုံ" ကို "ဝေ့ကျန်းကျိန်း" က အလေးထားချစ်ခင်ခဲ့ပါတယ်။
အဲဒီအချိန်မှာ သိုင်းလောကမှာ ပြည်မဒေသက အဆင့်မြင့်သိုင်းသမားတွေ နဲ့အတူ တိဗက်ဒေသက သိုင်းသမားတွေ၊ ရုပ်ဖျက်ပညာရှင်တွေ၊ အဆိပ်ပညာရှင်တွေ ပူးပေါင်းပါဝင်တဲ့ "မရဏသေမင်းဂိုဏ်း" ပေါ်ပေါက်လာပြီး သိုင်းလောက ကို စိုးမိုးဖိုကြိုးစားလာတဲ့အတွက် "ရှောင်လင်"၊ "ဝူတန်" စတဲ့အဖြူရောင်ဂိုဏ်ကြီးတွေ ခေါင်းချင်းဆိုင် လာခဲ့ရပါတယ်။
သိုင်းလောကကြီး အန္တရာယ်ကျရောက်မယ့်အရေးက ကာကွယ်ပေးနိုင်မယ့်သူအဖြစ် "လူထူးဆန်း ၇ ဖော်" ရဲ့တပည့်ဖြစ်သူ "ကျင်းလုံ" ကို အားလုံးကယုံကြည်ထားကြပေမယ့် တိုက်ခိုက်မှုကို မလိုလားဘဲ သိုသိပ်လျှိဝှက်နေထိုင်တတ်တာကြောင့် "ကျင်းလုံ" ကို ရှာမတွေ့ဖြစ်နေခဲ့ကြပါတယ်။
တကယ်တော့ "ကျင်းလုံ" ဟာ ဆရာ ၇ ယောက်ရဲ့ စေခိုင်းချက်တစ်ခုကြောင့် သိုင်းလောကထဲ ဆင်းလာခဲ့ရတာဖြစ်ပြီး သူ့မျက်စိရှေ့ရောက်လာတဲ့ ပြသနာတိုင်းမှာ အမှန်တရားဘက်က ရပ်တည်ကူညီပေးလေ့ရှိပေမယ့် အမြဲရုပ်ဖျက်ထားခဲ့တာကြောင့် သိုင်းလောကသားတွေက သူ့ကို သတိမပြုမိကြတာလည်း ဖြစ်ပါတယ်။
"ကျင်းလုံ" ဟာ "ဆုံဆည်းရာ" စားသောက်ဆိုင်မှာ စားပွဲထိုး "အားလီ" အဖြစ် ဇာတ်မြှုပ်နေထိုင်ရင်း ဆိုင်ရှင် သူဌေးကြီး ဝူ (ခေါ် ) တောမြေခွေး "ကျဲ့ကျိန်း" နဲ့ မွေးစားသမီး "လိန်လိန်" နဲ့ သံယောဇဉ် ငြိတွယ်ပြီး သိုင်းပညာတချို သင်ပေးခဲ့တာကြောင့် လက်ရှိသိုင်းလောကမှာ "လိန်လိန်" ဟာ သိုင်းပညာအကောင်းဆုံးဖြစ်လာသလို "ကျင်းလုံ" ကို ခြေရာခံရှာဖွေပေးနိုင်မယ့်သူအဖြစ်လည်း သိုင်းလောကသားတွေက အားကိုးလာကြပါတယ်။
တဖြည်းဖြည်းနဲ့ "မရဏသေမင်းဂိုဏ်းချုပ်" ဟာ ဒုက္ခိတသိုင်းသမား "လွေတုဖုံး" ရဲ့ တပည့်ဖြစ်သူ "တုံလွေ" ဖြစ်မှန်း သိုင်းလောကသားတွေ စုံစမ်းသိရှိလာကြပေမယ့် "တုံလွေ" က နာမည်ကြီး အဖြူရောင်သိုင်းသမားတစ်ဦးအဖြစ် ကာလကြာရှည် ဟန်ဆောင်နေထိုင်နေတဲ့အတွက် "တုံလွေ" အစစ်ကို ဘယ်သူမှ မသိကြဘဲဖြစ်နေပြန်ပါတယ်။
နောက်ဆုံးမှာ သိုးရေခြုံဝံပုလွေ "တုံလွေ" က "အစိမ်းရောင်မြိုတော်" သခင် "ဝေ့ကျန်းကျိန်း" ကို "မရဏသေမင်းဂိုဏ်းချုပ်" အဖြစ် သိုင်းလောကမှာ အထင်မှားလာကြစေဖို ဆရာဖြစ်သူ "လွေတုဖုံး" နဲ့ ပူးပေါင်းစီစဥ်ထားတာကို "ကျင်းလုံ" က ဖော်ထုတ်ပေးခဲ့တဲ့အခါ ... ။
📚 လုံးချင်း