"ကျားရန်ကျေးရွာ" မှာ ပန်းစိုက်ရင်း အေးအေးချမ်းချမ်း အသက်မွေးနေတဲ့ "လုဖုံး"နဲ့ "အားမေ" တို ဇနီးမောင်နှံဟာ ဒဏ်ရာရလာတဲ့ အထောက်တော် သိုင်းသမား "ဟန်ရိစင်း" ကို ကယ်တင်မိခဲ့ရာက သိုင်းလောကပြသနာတွေထဲ ကြားညပ်ခဲ့ရပြီး အမည်မသိ လူသတ်သမားတွေရဲ့လက်ချက်နဲ့ နှစ်ဦးလုံး အသတ်ခံခဲ့ရပါတယ်။
ကံကောင်းထောက်မစွာ သူတို့ရဲ့ ၈ နှစ်အရွယ် သားလေး "လုဝေ" ကတော့ ဇာတ်မြှုပ်နေတဲ့ သိုင်းအဓိပတိ "ဝေ့ဖူ" ရဲ့ ကယ်တင်ပေးမှုကြောင့် အသက်ရှင်ခဲ့ရပြီး မိဘသွေးကြွေးကိုဆပ်ဖို့အတွက် သိုင်းပညာသင်ပေးမယ့် ဆရာကောင်းကို ရှာဖွေရင်း တကိုယ်တည်း ခက်ခဲစွာ ရုန်းကန်ခဲ့ရပါတယ်။
ကာလအတန်ကြာ ခိုကိုးရာမဲ့ဖြစ်နေတဲ့ "လုဝေ" ကို မိခင်ရဲ့မိတ်ဆွေဖြစ်သူ "စူးကြိုးမြို" က သူဌေး "ဟွားကြွယ်" က စောင့်ရှောက်ပေးခဲ့ပြီး တစ်နေ့မှာတော့ "ဟွားကြွယ်" ရဲ့သမီး "ဟွာပင်း" ကို နှောင့်ယှက်နေတဲ့ "မြစ်မည်း" ဂိုဏ်းသားတွေနဲ့ တိုက်ခိုက်ရင်း "ဟန်ရိစင်း" သင်ကြားပေးခဲ့တဲ့ "ရွှေဟင်္သာဓါးသိုင်း" ကို အသုံးပြုမိခဲ့ပါတယ်။
ဒါကြောင့် "ဟန်ရိစင်း" ကို လိုက်ရှာနေတဲ့ "ဓါးမိစ္ဆာယောင်" ဦးဆောင်တဲ့ နန်းတွင်းအထောက်တော်အဖွဲဟာ သိုင်းကွက်ကတဆင့် ခြေရာခံမိသွားခဲ့ပြီး နောက်ဆုံးမှာ "လုဝေ" လည်း "ဓါးမိစ္ဆာယောင်" ရဲ့ တပည့်တစ်ဦးဖြစ်လာကာ ပညာသင်ဘက်အစ်မ "ဟန်ရှန်းယွီ" နဲ့အတူ အထောက်တော်တစ်ဦးအဖြစ် ရပ်တည်လှုပ်ရှားခဲ့ပါတော့တယ်။
"လုဝေ" နဲ့ "ဟန်ရှန်းယွီ" တို့ဟာ "သွေးဟင်္သာမောင်နှံ" အဖြစ် ရာဇဝတ်မှုတွေကို နှိမ်နင်းခဲ့ပေမယ့် တစ်ကြိမ်မှာတော့ နန်းတွင်းအတွက် အလွန်အရေးကြီးတဲ့ "ကြေးခြင်္သေ့ရုပ်" ဆုံးရှုးသွားတဲ့အတွက် သူတို့နှစ်ယောက်ကို အမတ်ကြီး "စစ်ထူယွမ်" က "ရေနက်နန်းဆောင်" မှာ အနှစ် ၂၀ စီ အကျဥ်းချခဲ့ပါတယ်။
ဒါပေမဲ့ "လုဝေ" မှာ မိဘသွေးကြွေးဆပ်ဖို့တာဝန် ရှိနေတာကြောင့် "ဟန်ရှန်းယွီ" က ကိုယ်စားပြစ်ဒဏ် ကျခံပေးခဲ့ပြီး အမတ်ကြီး "စစ်ထူယွမ်" ကို နာကျည်းသွားတဲ့ "လုဝေ" လည်း အထောက်တော်အဖြစ်က နုတ်ထွက်ကာ နန်းတွင်းက ထွက်ခွာလာခဲ့ပါတော့တယ်။
"လုဝေ" တစ်ယောက် သိုင်းလောကထဲ မရောက်ခင်မှာပဲ အမတ်ကြီး "စစ်ထူယွမ်" က "လုဝေ" ကို ဖမ်းဆီးကာ အတိတ်မေ့ဆေး တိုက်ကျွေးခဲ့တဲ့အတွက် "လုဝေ" လည်း အတိတ်မေ့သွားခဲ့ပြီး ယောင်လည်လည်ဖြစ်နေတဲ့ သူ့ကို "ဟွာပင်း" က ခေါ်ယူစောင့်ရှောက်ထားရင်း သူတိုနှစ်ဦး မမျှော်လင့်ဘဲ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။
လအနည်းငယ်ကြာပြီးနောက် "လုဝေ" ဟာ သူ့ရဲ့အတိတ်ဇာတ်ကြောင်းကို ရှာဖွေစုံစမ်းဖို့ "ဟွာပင်း" ထံက ခွင့်တောင်းကာ သိုင်းလောကထဲ ထွက်လာခဲ့ရင်း ထင်းခုတ်သမားအဖြစ် ဇာတ်မြှုပ်နေတဲ့ "ရှောင်ချန်း" နဲ့ "ရှောင်မင်း" တို့ သားအဖနဲ့ ဆုံမိခဲ့ပါတယ်။
ကံဆိုးစွာနဲ့ပဲ "ရှောင်မင်း"ရဲ့ ဖခင် "ရှောင်ချန်း" တစ်ယောက် "ရွှေဓါးရဲတိုက်" ရဲ့ လက်ချက်နဲ့ သေဆုံးသွားတာကြောင့် "လုဝေ" က ကူညီဖြေရှင်းပေးဖို့ ကြိုးစားနေချိန်မှာပဲ "ရှောင်မင်း" ရော၊ "လုဝေ" ပါ "ရွှေဓါးရဲတိုက်" က "ကျန့်ဝူ" ရဲ့လက်ချက်နဲ့ ချောက်ထဲပြုတ်ကျသွားခဲ့ပါတယ်။
ကံကောင်းထောက်မစွာ သူတိုနှစ်ယောက်လုံး အသက်မသေခဲ့ကြဘဲ ချောက်နက်ထဲမှာ ဇာတ်မြှုပ်နေတဲ့ "မရဏအဖိုးအို" ရဲ့ ကူညီစောင့်ရှောက်မှုနဲ့ ပြန်လည်ကျန်းမာလာခဲ့ကြပြီး "လုဝေ" သိုင်းလောကကို ပြန်သွားတဲ့အခါ "ရှောင်မင်း" ကတော့ "မရဏအဖိုးအို" ရဲ့ တပည့်အဖြစ် ကျန်နေရစ်ခဲ့ပါတယ်။
ဒီလိုနဲ့ "လုဝေ" သိုင်းလောကထဲ ပြန်ရောက်လာစဥ် အထောက်တော်ဘဝက ရန်ငြိုးဖွဲ့ခဲ့သူတွေက လုပ်ကြံခဲ့တဲ့အတွက် သေလုမျောပါး ဒဏ်ရာရခဲ့ပြီး ငရဲတမန်ဓါးသမား "ဖိန်ရှင်းလိန်" နဲ့ "အဆိပ်သူတော်" တို့က ကယ်တင်ကုသပေးခဲ့တာကြောင့် အသက်မသေပေမယ့် နောက်ထပ်တစ်ကြိမ် ထပ်မံ အတိတ်မေ့သွားခဲ့ပြန်ပါတယ်။
အဲဒီနောက်မှာတော့ "လုဝေ" ဟာ ဒုစရိုက်ထိပ်သီးတစ်ယောက်ဖြစ်သူ အဆိပ်ငရဲဂိုဏ်းချုပ် "ဖိန်ရှင်းလိန်" ရဲ့လက်အောက်မှာ "ငရဲတမန် အမှတ် ၄" အဖြစ် ကျင်လည်နေခဲ့ရပြန်ပြီး "ကျန်းစုမု" ရဲ့ "သမားတော်ခြံဝန်း" မှာ ပြုလုပ်တဲ့ လူငယ်မျိုးဆက်သိုင်းပြိုင်ပွဲမှာတော့ မရဏသမီးပျို "စုကျင်းဝေ" ကို ရှုးနိမ့်သွားခဲ့ပါတယ်။
ဒါကြောင့် "လုဝေ" ကို အပြစ်ပေးတဲ့အနေနဲ့ အဆိပ်ငရဲဂိုဏ်းချုပ် "ဖိန်ရှင်းလိန်" က "ရှောင်လင်ကျောင်း" က "မီးစွဲဓါးသိုင်းကျမ်း" ကို ခိုးယူခိုင်းတာကြောင့် သွားရောက်ခိုးယူရင်း "လော်ဟန်" အဆောင်မှူး "ရွှမ်းချီဆရာတော်" ရဲ့ လက်ချက်နဲ့ "လုဝေ" တစ်ယောက် သိုင်းပညာတွေ ပျက်စီးကုန်တဲ့အခါ ... ။
📚 လုံးချင်း